Friday, June 19, 2009
Pirates Club ဘုတ်

ရေကျချိန်ဆိုတော့ သောင်ပြင်က အကျယ်ကြီးး
ရုံးပိတ်လို့ ဘယ်များသွားစရာရှိသလဲဆိုရင် အားလုံးက တစ်ညီတစ်ညွတ်တည်းကိုဖြေကြတယ် ကမ်းခြေတဲ့။ ဟုတ်ပါတယ် ကမ်းခြေကလွဲပီး တစ်ခြားသွားစရာနေရာလည်းမရှိဘူး။ ယောက်ျားလေးတွေအတွက်က ဘယ်နေရာမဆို သွားစရာနေရာတွေကပေါ။ တစ်ခါတစ်လေ မိန်းကလေးဖြစ်ရတာ စိတ်တိုတယ်။ ယောက်ျားလေးဖြစ်လိုက်ချင်တယ်။ အဲ့ဆို ယောကျာ်းလေးတွေလို လွတ်လွတ်လပ်လပ်သွားချင်တဲ့နေရာ ထသွားလိုက်ရုံပဲ။ ခုတော့ မိန်းကလေးဆိုတော့က ကြောက်တယ် :P ။ လူမည်းတွေက သဘောလည်းကောင်းတယ် ဖော်လည်းဖော်ရွေတယ်။ ဘာမှလည်းမဆိုင်ဘူး .. :D
ကျွန်မနေတဲ့နေရာကနေ ကမ်းခြေကိုသွားမယ်ဆို မိနစ်၂၀လောက်ကားမောင်းရင်ရောက်ပီ။ ဒါက Nyali Beach လို့ခေါ်တဲ့ အများပြည်သူတွေအပန်းဖြေ၊ ရေကစားတဲ့ ကမ်းခြေ။ ချောင်းသာကမ်းခြေမှာဆိုရင် နွားလှည်းနဲ့ မြင်းတွေ အပျော်စီးဖို့ရှိတယ်။ ဒီမှာကြတော့ ကုလားအုတ် ရှိတယ်။ တစ်ခါစီး 50/-Shillings ပေးရတယ်။ သူများတွေတော့ စီးနေကြတယ် အထူးသဖြင့်ကလေးတွေပေါ့။ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ဆို လူတွေပိုများတယ် ကမ်းခြေမှာအပြည့်။ ပထမတစ်ခေါက်ရောက်တုန်းက ဒီရေတက်နေတာနဲ့ကြုံတော့ သိပ်မလှဘူး။ ဒုတိယခေါက်ကျတော့ ရေကျနေတော့ ကမ်းခြေကြီးက တစ်မြော်တစ်ခေါ် အရမ်းကိုလှတယ်။ ရေကလည်း စိမ်းပြာနေတာပဲ။ အရမ်းလှတော့ ရောက်တာနဲ့မနေနိုင်ဘူး ဖိနပ်ကိုချွတ်၊ ကိုယ့်ဖိနပ်ကိုဆွဲပြီး ပြေးတော့တယ်။ ကျွန်မ ပင်လယ်ကြိုက်တယ်။ ရောက်ဖူးသမျှ ကမ်းခြေထဲမှာဆို ကမ္ဘောဒီးယားကမ်းခြေက မလှဆုံးပဲ သဲသောင်ပြင်ကအရမ်းကိုကျဉ်းပြီး ရေကသိပ်မသန့်ဘူး။ ဒီက ကမ်းခြေလည်း သစ်ရွက်ခြောက်တွေရှိတယ်။ သောင်ပြင်မှာ မည်းမည်း မည်းမည်းနဲ့ အလှကိုပျက်တယ်။
ကမ်းခြေတစ်လျှောက်မှာ ကလပ်တွေရှိတယ်။အဲ့မှာ Pirates Club တစ်ခုရှိတယ် ရောက်တိုင်း အဲ့မှာထိုင်ဖြစ်တယ်။ နေ့ခင်းကြောင်တောင်လည်း ဒီဂျေတွေဖွင့်တာပဲ လူမည်းတွေကသိတဲ့အတိုင်းပဲ သီချင်းသံကြားရင် ခန္ဒာကိုယ် လှုပ်လှုပ်နဲ့ကပြီ။ နေ့ခင်းလည်း ကတဲ့သူက၊ ဖျော်ရည်ယာမကသုံးဆောင်တဲ့သူက သုံးဆောင်၊ ဘိယိယက်ထိုးတဲ့သူကထိုး။ ကျွန်မတောင် တစ်ပွဲဝင်ထိုးလိုက်သေးတယ်။ တစ်ပွဲထိုးရင် 200/-Shillings။ ( 1 US$=72Shillings ) ပေးရတယ်။
ဒါက အများပြည်သူရေကစားတဲ့ကမ်းခြေ။ နောက်တစ်ခုက ဒီကဟိုတယ်လုပ်ငန်းအများစုက ကမ်းခြေတစ်လျှောက်မှာပဲရှိတယ်။ နိုင်ငံခြားခရီးသည်တွေကတော့ သူတို့တည်းတဲ့ ဟိုတယ်က ကမ်းခြေတစ်ဝိုက်မှာပဲရေကစားကြတယ်။ လူမရှုပ်ပဲ အေးအေးဆေးဆေး အပန်းဖြေလို့ရတယ်။ ဒီခုချိန်က ခရီးသွားရာသီမဟုတ်လို့ ကမ္ဘာလည့်ခရီးသည်တွေ ငြိမ်သက်နေကြတယ်။ ခရစ္စမတ်လောက်ဆို လူတွေအရမ်းများတယ်ပြောတယ်။
နောက်တစ်ခုရှိသေးတယ် ဒါက ရေကစားတဲ့ကမ်းခြေမဟုတ်ဘူး။ လေညှင်းထွက်ခံတဲ့ ကမ်းနားပြောရမလား၊ ကမ်းပါးပြောရမလား၊ ကမ်းရိုးတန်းပြောရမလား..... အဲ့မှာဆိုရင် ညနေပိုင်း ၄ နာရီကနေ မိုးမချုပ်ခင်ထိ လူတွေစည်ကားနေတာပဲ။ အဲ့ကကို Floria လို့ခေါ်ကြတယ်။ ကျွန်မရောက်တုန်းက ဘာလို့အဲ့ကမ်းပါးကို Floria လို့ခေါ်ပါလိမ့်လို့ စဉ်းစားနေတာ။ လတ်ဆတ်သပ်တော့ Floria ဆိုတာက အဲ့နားမှာရှိတဲ့ ကာစီနိုရုံကို၊ အဲ့တာကြောင့် လူတွေက အလွယ်တကူပဲ Floria လို့ခေါ်ကြတယ်။ အဲ့ကရှူခင်းလည်း အရမ်းလှတယ်။ ရောက်တုန်းက ဖုန်းယူမသွားလို့ ပုံမရိုက်ခဲ့ရဘူး။ နောက်တစ်ခေါက်ရောက်သွားမှ ပုံတွေရိုက်ခဲ့ပီး တင်ဦးမယ်။
တစ်ခု အဲ့မှာ စုံတွဲတွေများတယ်။ နောက်ကျလည်း ကိုယ်တိုင်လည်း စုံတွဲသွားခုတ်ဦးမှ ဟတ်ဟတ် :)

9 comments:
လာကြည့်သွားပါသည်.. ရေမြေခြားမှာ အဆင်ပြေပါစေ........
အမရေ စုံတွေလေး နဲ.ခုတ်မယ်ဆိုလဲ
ပြည်တွင်းဖြစ်လေးတော. အားပေးနော်.
ဟီးးးးးးးးးးးးးးးးးးး ခင်မင်လျက်ပါခင်ဗျ
ဖတ်ဖြစ်တာတော့ ကြာပါပြီ၊ မရေးဖြစ်လို့ပါ
ဓာတ်ပုံလေးတွေ အရမ်းလှတာပဲ၊ တစ်ယောက်တည်းသွားရဲတာလဲ လေးစားပါတယ်၊ လူမဲတွေကို အလိုလို ကြောက်တာ၊ ဒီမှာတော့ သူတို့ကလဲ ကိုယ့်မြင်ရင် ဝါးစားမလိုပဲ
သစ်ကုလားအုပ်ကြီး စီးချင်လိုက်တာ.. နောက်လဲ ထပ်တင်ပါအုံးနော့်..။ အာဖရိကန်တွေလို့ ပြောပါနှင်းပွင့်ရာ..... :D
ပြည်တွင်းဖြစ်ကို အားပေးပါတဲ့
အဟဟ
ညလေးရေ ပြည်တွင်းဖြစ်ပဲ အဆင်ပြေမှာပေါ့နော်
ဟုတ်ဝူးလား .....
မိုးစက်အိမ်ရေ ငါပြောပေးထားတယ်နော်
ပုံတွေ သဘောကျသည်။
:D
လှလိုက်တဲ့ ရှုခင်းတွေဗျာ....
I really really love your post especially those pictures. Love to read those kind of travel blog. Thanks for sharing..
Cheers..
ကမ်းခြေပုံလေးတွေလှတယ်...
Post a Comment