N for Nhin Pwint

1. What is your name : Nhin

2. A four Letter Word : Naff

3. A boy's Name : Nicholas

4. A girl's Name : Nancy

5. An occupation : Nurse

6. A color : Navy

7. Something you'll wear : Necklace

8. A food : Noodles

9. Something found in the bathroom : Napkin

10. A place : Northern Shan State

11. A reason for being late : Nothing Special

12. Something you'd shout : No...ohh.......ohhhhh

13. A movie title : Night of the shooting stars

14. Something you drink : Nutty Strawberry

15. A musical group : Nine Night

16. An animal : Needle Fish

17. A street name : National Road No. 9

18. A type of car : Nissan

19. The title of a song : Ngar ye` lamin

20. A verb : N A S A


ကိုဂျူလိုင် Tag တာကိုရေးလိုက်ပါပီ။

Read More...

Welcome back!

Welcome back!!!
ကိုယ့်ကိုယ်ကိုပဲ နှုတ်ဆက်လိုက်တယ်။
ဘလော့ကိုပြစ်ထားတာ အတော်ကြာသွားတော့ ဘယ်ကဘယ်လို ဘာကိုစပြောပြီး စရေးရမှန်းတောင်မသိတော့ဘူး။ ကိုယ့်ဘလော့ကို ကိုယ်ပြန်လာတာ ရန်ဖြစ်ပြီးမခေါ်မပြောတဲ့ သူငယ်ချင်းနဲ့ လမ်းမှာပက်တင်းတိုးမိသလိုလို ရှိုးတိုးရှန်းတမ်းကြီးဖြစ်နေပါလား....

စာရေးတာတွေလည်း ပြောက်တောက်တွေဖြစ်နေတယ်။ ကင်ညာရောက်နေတုန်းက ရေးတဲ့ ကင်ညာရောက်အတွေ့အကြုံကို ဆက်လည်းမရေးနိုင်တဲ့ အပြင် အဆုံးလည်းမသတ်နိုင်ဘူး။ ဘလော့ကိုလာဖတ်ကြတဲ့ စာဖတ်သူတွေကို မလေးစားရာကျသလို ကိုယ့်ကိုကိုယ်လည်း တော်တော်လေးအားမရဖြစ်မိပါတယ်။ ဒါမျိုးမဖြစ်အောင် နောင်ကိုသတိထားရမယ်။ စာဆက်မရေးနိုင်တဲ့အပြင် ခွင့်ကိုထင်ထားတာထက် ၂လလောက်စောပြီး ရုံးကစိတ်ကောင်းစေတနာများစွာနဲ့ ပေးလိုက်တော့ မြန်မာပြည်မှာ ၁လခွဲလောက် နေပလိုက်တယ်။

ဒီနှစ်ထဲမှာ စိတ်ရှုပ်စရာတွေ တော်တော်များများကြုံခဲ့ရတယ်။ ဒါကြောင့်ရုံးက မခေါ်မချင်း သီတင်းကျွတ်ပြီးလောက်တဲ့အထိ ရန်ကုန်မှာ အေးအေးဆေးဆေးနေဦးမယ်လို့ စဉ်းစားထားတယ်။ ရန်ကုန်ပြန်ရောက်တော့လည်း ခရီးတွေထွက်ဖြစ်တယ် ဘလော့ဂါအဖွဲ့နဲ့ ပြည်သွားတယ်၊ လားရှိုးကိုအလည်သွားရင်း အချစ်ဆုံးငယ်သူငယ်ချင်းနဲ့ လားရှိုး၊ မူစယ်၊ ရွှေလီရောက်တယ်။ ခရီးထွက်ရပြီး ငယ်သူငယ်ချင်းနဲ့ ပြန်တွေ့ရတော့ တော်တော်လေးကို စိတ်ချမ်းသာသွားတယ်။ နေရင်းနေရင်းနဲ့ ၁လခွဲလောက်ကြာလာတော့ လူကမရတော့ဘူး လုပ်စရာ ကိုင်စရာမရှိတော့ ငြီးငွေ့လာတယ်၊ အဲ့တာနဲ့ စက်တင်ဘာလကုန်လောက်ကျရင် ပြန်မယ်တော့ဆိုပြီး ရုံးကိုပြောမယ်ဆိုပြီး မေးလ်ကိုလာစစ်တော့ မန်နေဂျာကလည်း Idle ဖြစ်နေတာ ၁လကျော်သွားပြီ ဘယ်တော့ပြန်လာမလည်းဆိုပြီး မေးလ်ပို့ထားတယ်။ စီစဉ်ထားတဲ့အတိုင်းပဲ လဆန်းတာနဲ့ ပြန်လာခဲ့မယ်လို့ပြောလိုက်တယ်။ အမေတော့ ရောက်တောင်လာမှ သီတင်းကျွတ်ပြီးတဲ့အထိ နေစေချင်ပြီး၊ အစ်မက သူတို့ မိသားစုအိမ်ပြောင်းတာကို အိမ်အသစ်မှာ သုံးလေးရက်လိုက်နေစေချင်တယ်။ စိတ်တော့သိပ်မကောင်းဘူး၊ ရန်ကုန်မှာ ဘယ်လိုမှ ဆက်ပြီးမနေနိုင်တော့လို့ ၁ရက်နေ့ပဲ ပြန်လာလိုက်တယ်။

အစီအစဉ်အရ ကမ္ဘောဒီးယားကိုပြန်လာရမယ်ပေါ့။ လာခါနီးလေယာဉ်လက်မှတ်ထုတ်ခါနီးဆဲဆဲမှာပဲ ရုံးကအလောတကြီးနဲ့ ဖုန်းဆက်တယ် လက်မှတ်ကိုမထုတ်သေးနဲ့.. တောင်အာဖရိကကိုသွားရမယ်....Visa လျှောက်ဖို့ ပတ်စပို့စ်ကော်ပီပို့လာပါတဲ့။ ကြားကြားခြင်းတော်တော် စိတ်ရှုပ်သွားတယ်... ဟုတ်တယ်လေ..ကမ္ဘောဒီးယားကို သွားရမယ်ဆိုတော့ ကျွန်မလုပ်ရမယ့် ကိစ္စတွေက အားလုံးစီစဉ်ထားပြီးသားတွေ.....ခုတော့ တစ်လွဲတွေဖြစ်ကုန်တော့မယ်။

တောင်အာဖရိကကိုသွားဖို့ ပတ်စပို့စ်သက်တမ်းကမလောက်တော့ဘူး။ ရန်ကုန်က ရုံးကနားတွေမှာ သွားမလုပ်ချင်လို့ သက်တမ်းမတိုးပဲ ဒီကိုလာတိုးမယ်ဆိုတာက အစီအစဉ် ၁။ ပြီးတော့ ကမ္ဘောဒီးယားဗီဇာလည်း ရှိနေသေးတာက တစ်ကြောင်း.....။

အစီအစဉ် ၂ က ကျွန်မလက်တော့ အခြေအနေတော်တော်ဆိုးနေပြီး ဆားဗစ်စင်တာပို့ဖို့ အရမ်းလိုအပ်နေတယ်။ ဒီမှာပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်မှာမှ မပြပဲထားခဲ့တယ်။ (notebook ကို netbook နဲ့လှဲချင်တယ်)

အဖြစ်အပျက်တွေကို ရုံးကိုသဘောပေါက်အောင်ပြောပြလိုက်တယ် အချိန်ရှားပါးမှု.ကြောင့် ရုံးရဲ့သဘောတူညီချက်ရတယ်၊ ကမ္ဘာဒီးယားကမှာ ပတ်စပို့စ်သက်တမ်းတိုးပြီး တောင်အာဖရိကသွားဖို့ စီစဉ်ရမယ်။ တောင်အာဖရိက မရောက်မချင်း ဒီရက်ပိုင်း အလုပ်ရှုပ်ဦးမယ်။ ဒီကြားထဲ အစီအစဉ်ကပြောင်းဦးမလားမသိဘူး။ ဒီနှစ်က ဘာနှစ်မို့လို့လည်း မသိဘူး.. ထွက်လိုက်ရတဲ့ ခရီး...စီးလိုက်ရတဲ့ လေယာဉ်........ ။ ဘယ်လိုဖြစ်ဖြစ် ခရီးထွက်နေရတာ ကြိုက်တယ်။ မှဲ့က ခြေဖ၀ါးမှာမဟုတ်ဘူး ... ခြေဖမိုးဘေးနားမှာပါ ..... =)

ခုကစပြီး စာတွေကိုပြန်ရေးဖြစ်တော့မယ်။ ခုမှတကယ်ခံစားမိတယ် ဘလော့ကကိုယ့်ရဲ့ ရင်ထဲက စကားလုံးတွေကို ပြောဖို့ အကောင်းဆုံးလူ၊ ပြောလိုက်တဲ့စကားတွေ၊ ပြောချင်တဲ့စကားတွေ ရင်ထဲက ခံစားချက်တွေကို နားလည်အပေးဆုံးလူ... အဲ့လူကို အချိန်တော်တော်ကြာ ဂရုမစိုက်ပဲပြစ်ထားမိတယ်၊ ခုကစပြီး အရင်ကထက်ပိုပြီး ဂရုစိုက်ရမယ် ............း)




Read More...

ကင်ညာမှ အတွေ့အကြုံများ - ၁


Pirates Club ဘုတ်

အပန်းဖြေလာတဲ့လူတွေ


ကုလားအုတ်

ပင်လယ်ထဲက အမည်းစက်တွေက ရေကစားနေတဲ့လူတွေ



ရေကျချိန်ဆိုတော့ သောင်ပြင်က အကျယ်ကြီးး

ဒါလည်းသောင်ပြင်


ရုံးပိတ်လို့ ဘယ်များသွားစရာရှိသလဲဆိုရင် အားလုံးက တစ်ညီတစ်ညွတ်တည်းကိုဖြေကြတယ် ကမ်းခြေတဲ့။ ဟုတ်ပါတယ် ကမ်းခြေကလွဲပီး တစ်ခြားသွားစရာနေရာလည်းမရှိဘူး။ ယောက်ျားလေးတွေအတွက်က ဘယ်နေရာမဆို သွားစရာနေရာတွေကပေါ။ တစ်ခါတစ်လေ မိန်းကလေးဖြစ်ရတာ စိတ်တိုတယ်။ ယောက်ျားလေးဖြစ်လိုက်ချင်တယ်။ အဲ့ဆို ယောကျာ်းလေးတွေလို လွတ်လွတ်လပ်လပ်သွားချင်တဲ့နေရာ ထသွားလိုက်ရုံပဲ။ ခုတော့ မိန်းကလေးဆိုတော့က ကြောက်တယ် :P ။ လူမည်းတွေက သဘောလည်းကောင်းတယ် ဖော်လည်းဖော်ရွေတယ်။ ဘာမှလည်းမဆိုင်ဘူး .. :D

ကျွန်မနေတဲ့နေရာကနေ ကမ်းခြေကိုသွားမယ်ဆို မိနစ်၂၀လောက်ကားမောင်းရင်ရောက်ပီ။ ဒါက Nyali Beach လို့ခေါ်တဲ့ အများပြည်သူတွေအပန်းဖြေ၊ ရေကစားတဲ့ ကမ်းခြေ။ ချောင်းသာကမ်းခြေမှာဆိုရင် နွားလှည်းနဲ့ မြင်းတွေ အပျော်စီးဖို့ရှိတယ်။ ဒီမှာကြတော့ ကုလားအုတ် ရှိတယ်။ တစ်ခါစီး 50/-Shillings ပေးရတယ်။ သူများတွေတော့ စီးနေကြတယ် အထူးသဖြင့်ကလေးတွေပေါ့။ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ဆို လူတွေပိုများတယ် ကမ်းခြေမှာအပြည့်။ ပထမတစ်ခေါက်ရောက်တုန်းက ဒီရေတက်နေတာနဲ့ကြုံတော့ သိပ်မလှဘူး။ ဒုတိယခေါက်ကျတော့ ရေကျနေတော့ ကမ်းခြေကြီးက တစ်မြော်တစ်ခေါ် အရမ်းကိုလှတယ်။ ရေကလည်း စိမ်းပြာနေတာပဲ။ အရမ်းလှတော့ ရောက်တာနဲ့မနေနိုင်ဘူး ဖိနပ်ကိုချွတ်၊ ကိုယ့်ဖိနပ်ကိုဆွဲပြီး ပြေးတော့တယ်။ ကျွန်မ ပင်လယ်ကြိုက်တယ်။ ရောက်ဖူးသမျှ ကမ်းခြေထဲမှာဆို ကမ္ဘောဒီးယားကမ်းခြေက မလှဆုံးပဲ သဲသောင်ပြင်ကအရမ်းကိုကျဉ်းပြီး ရေကသိပ်မသန့်ဘူး။ ဒီက ကမ်းခြေလည်း သစ်ရွက်ခြောက်တွေရှိတယ်။ သောင်ပြင်မှာ မည်းမည်း မည်းမည်းနဲ့ အလှကိုပျက်တယ်။

ကမ်းခြေတစ်လျှောက်မှာ ကလပ်တွေရှိတယ်။အဲ့မှာ Pirates Club တစ်ခုရှိတယ် ရောက်တိုင်း အဲ့မှာထိုင်ဖြစ်တယ်။ နေ့ခင်းကြောင်တောင်လည်း ဒီဂျေတွေဖွင့်တာပဲ လူမည်းတွေကသိတဲ့အတိုင်းပဲ သီချင်းသံကြားရင် ခန္ဒာကိုယ် လှုပ်လှုပ်နဲ့ကပြီ။ နေ့ခင်းလည်း ကတဲ့သူက၊ ဖျော်ရည်ယာမကသုံးဆောင်တဲ့သူက သုံးဆောင်၊ ဘိယိယက်ထိုးတဲ့သူကထိုး။ ကျွန်မတောင် တစ်ပွဲဝင်ထိုးလိုက်သေးတယ်။ တစ်ပွဲထိုးရင် 200/-Shillings။ ( 1 US$=72Shillings ) ပေးရတယ်။

ဒါက အများပြည်သူရေကစားတဲ့ကမ်းခြေ။ နောက်တစ်ခုက ဒီကဟိုတယ်လုပ်ငန်းအများစုက ကမ်းခြေတစ်လျှောက်မှာပဲရှိတယ်။ နိုင်ငံခြားခရီးသည်တွေကတော့ သူတို့တည်းတဲ့ ဟိုတယ်က ကမ်းခြေတစ်ဝိုက်မှာပဲရေကစားကြတယ်။ လူမရှုပ်ပဲ အေးအေးဆေးဆေး အပန်းဖြေလို့ရတယ်။ ဒီခုချိန်က ခရီးသွားရာသီမဟုတ်လို့ ကမ္ဘာလည့်ခရီးသည်တွေ ငြိမ်သက်နေကြတယ်။ ခရစ္စမတ်လောက်ဆို လူတွေအရမ်းများတယ်ပြောတယ်။

နောက်တစ်ခုရှိသေးတယ် ဒါက ရေကစားတဲ့ကမ်းခြေမဟုတ်ဘူး။ လေညှင်းထွက်ခံတဲ့ ကမ်းနားပြောရမလား၊ ကမ်းပါးပြောရမလား၊ ကမ်းရိုးတန်းပြောရမလား..... အဲ့မှာဆိုရင် ညနေပိုင်း ၄ နာရီကနေ မိုးမချုပ်ခင်ထိ လူတွေစည်ကားနေတာပဲ။ အဲ့ကကို Floria လို့ခေါ်ကြတယ်။ ကျွန်မရောက်တုန်းက ဘာလို့အဲ့ကမ်းပါးကို Floria လို့ခေါ်ပါလိမ့်လို့ စဉ်းစားနေတာ။ လတ်ဆတ်သပ်တော့ Floria ဆိုတာက အဲ့နားမှာရှိတဲ့ ကာစီနိုရုံကို၊ အဲ့တာကြောင့် လူတွေက အလွယ်တကူပဲ Floria လို့ခေါ်ကြတယ်။ အဲ့ကရှူခင်းလည်း အရမ်းလှတယ်။ ရောက်တုန်းက ဖုန်းယူမသွားလို့ ပုံမရိုက်ခဲ့ရဘူး။ နောက်တစ်ခေါက်ရောက်သွားမှ ပုံတွေရိုက်ခဲ့ပီး တင်ဦးမယ်။
တစ်ခု အဲ့မှာ စုံတွဲတွေများတယ်။ နောက်ကျလည်း ကိုယ်တိုင်လည်း စုံတွဲသွားခုတ်ဦးမှ ဟတ်ဟတ် :)


Read More...

ကင်ညာသို့ရောက်ရှိခြင်း

( လေဆိပ်မှာ လူရိုင်းရုပ်ပုံတွေ့လို့ အမှတ်တရရိုက်ထားလိုက်တာ )

ဒီနေ့ ကင်ညာကိုရောက်တာ ၁လတင်းတင်းပြည့်ပေါ့။ အားလုံးချောမောစွာဖြင့် ကင်ညာကိုရောက်ခဲ့ပါတယ်။ ထိုင်းလေဆိပ်မှာ Transit လုပ်တုန်းတော့ ဗီဇာမပါလို့ ထိုင်းမမကရစ်ပြီး ထိုင်စောင့်ခိုင်းတာ ၂နာရီလောက်ကြာသွားတယ်။ နောက်ဆုံးတော့ အဲ့ဒီထိုင်းမမက မပေးချင် ပေးချင်ပုံနဲ့ ဖြတ်ပေးလိုက်ပါတယ်။ လူမည်းတွေကို အဲ့ကနေစတွေ့တာပါပဲ။ :P

မြို.တော် Nairobi လေဆိပ်ကိုရောက်တော့ Domestic Airline ပြောင်းဖို့ရာ Immigration မှာဗီဇာယူဖို့ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံဖြည့်ပြီး တန်းစီစောင့်နေတယ်။ ဗီဇာမရမှာစိုးလို့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ့်အလှည့်ရောက်လာရော ဟဲလိုဆိုပြီး ပိတ်စပို့စာအုပ်လှမ်းပေးလိုက်တယ်။ လူကြီးက ဘယ်နိုင်ငံကလည်းမေးတော့ မြန်မာလို့ဖြေလိုက်တယ်။ လူကြီးက ဘာမှမပြောပဲ စာအုပ်ကို ဟိုလှန်ကြည့် ဒီလှန်ကြည့်၊ ပြီးတော့ သူ့ Record ထဲကိုလှန်ကြည့်လိုက် အပေါ်ကြည့်လိုက် အောက်ကြည့်လိုက်နဲ့ အင်းး စိတ်ထဲမှာတော့ ထင်လိုက်ပြီ တစ်ခုခုတော့ တစ်ခုခုပဲလို့။ ထင်တဲ့အတိုင်းပဲ လူကြီးက စာအုပ်နဲ့လျှောက်လွှာတွေကို ပြန်ပေးပြီး အခန်းတစ်ခန်းကို ညွှန်ပြလိုက်တယ် အဲ့ကိုသွားတဲ့။ ဘာလို့လဲလို့ ပြန်မေးလိုက်တော့ သူ မြန်မာနိုင်ငံကို မသိဘူးတဲ့ အဲ့အခန်းကိုသွားမေးပါတဲ့ ပြီးဒီပြန်လာခဲ့တဲ့။ စိတ်ထဲမှာ ငိုချင်သွားတာပဲ.. တကယ်တော့မငိုပါဘူး စိတ်ကို တင်းပြီး ဒီထိတောင်ရောက်လာပီပဲ ဘာဖြစ်လဲကွ ဆိုပြီး ဟိုလူညွှန်ပြတဲ့အခန်းထဲကိုဝင်ပြီး ဘာညာကွိဂွ ဒီလိုဒီလိုပဲ ဟိုက င့ါကို ဒီအခန်းလွှတ်လိုက်တာ ဆိုပြီးပြောလိုက်တော့ လူမည်းမမက ပတ်စပို့စာအုပ်နဲ့လျှောက်လွှာတွေကို ကိုင်ပြီး သူ့နောက်လိုက်ခဲ့ပါဆိုပြီး စောနားက Immigration ဆီကိုခေါ်သွားတယ် ဟိုလူကြီးတော့မဟုတ်တော့ဘူး။ လူမည်းမမက လူမည်းကိုကိုကို ဘာတွေပြောမှန်းမသိဘူး ခနနေတော့ လူမည်းမမက ခနစောင့်တဲ့။ yes madam ဆိုပြီး လူအုပ်ရှည်ကြီးနောက်မှာ သွားရပ်စောင့်နေတာ ဟိုကြည့် ဒီကြည့်နဲ့ စိတ်ကလည်း ခိုးလိုးခုလုဖြစ်နေပြီ ။ သိပ်မကြာဘူး ပိတ်စပို့စ်စာအုပ်ထောင်ပြီး ကိုယ့်နာမည်ကိုခေါ်နေတာ မကြားမိဘူး။ သူတို့ ခေါ်တဲ့အသံနဲ့ နာမည်နဲ့က ကိုက်မှမကိုက်ပဲကို။ ဘေးနားက လူတစ်ယောက်က ဟိုမှာခေါ်နေတယ်ဆိုပြီး ပြောတော့မှ ကိုယ့်ကိုခေါ်နေမှန်းသိတာ။ နောက်ဆုံးမှာနေပေမယ့် ကိုယ့်နာမည်ကိုအရင်ခေါ်တော့ လူအုပ်ကြီးကိုဖြတ်ပြီးရှေ.ဆုံးရောက်သွားတာပေါ့ ဘယ်ရမလဲ ..။ ရှေ.ဆုံးကိုရောက်တော့ Excuse me လို့ပြောလိုက်တော့ ဟိုလူဖြူကြီးက အလိုလိုနေရင်းနောက်ရောက်သွားရော။ ဟိုလူကြီးက ဘာမှလည်းမမေးဘူး ဘယ်နှစ်လနေမှာလည်းတဲ့ ၁လလို့ဖြေလိုက်တော့ 25$ ဆိုပြီး ဒုန်းဆိုထုပေးလိုက်ပြီး စာအုပ်လှမ်းပေးလိုက်တယ်။ စိတ်ထဲမှာ အလုံးကြီးကျပြီး ကြိတ်ပျော်နေတာ။ တကယ်ကိုပျော်တာအဟုတ်..... တစ်လမ်းလုံး အဲ့ကိစ္စပဲစိုးရိမ်လာရတာ။ အဲ့ကနေပြီး ပြည်တွင်းလေကြောင်းနဲ့ ကျွန်မအလုပ်ဌာနရှိတဲ့ ဆိုတဲ့ဆိပ်ကမ်းမြို. ကိုရောက်လာခဲ့ပါတယ်။ မြို.က သိပ်တိုးတက်တဲ့ မြို.မဟုတ်ဘူး သာမာန် မြို.တစ်မြို.ပါပဲ။ ဆိပ်ကမ်းမြို.ဆိုတော့ သဘာဝပတ်ဝန်းကျင်ရှုခင်းတွေ အရမ်းလှတယ်။

ဒီရောက်တော့ အားလုံးက ကိုယ့်အတွက် အသစ်အဆန်းကြီးတွေပါပဲ။ နေရာတကာတွေ့လိုက်တိုင်း လူမည်းတွေပဲ။ လူကောင်တွေကလည်း ထွားထွားကြိုင်းကြိုင်းတွေ သူတို့ကြားမှာ ကိုယ်က ပိစိကွေး အဟင့်.။ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းကတော့ ဈေးကြီးသလားမမေးနဲ့ ၂ဆနဲ့ ၃ဆကြားမှာရှိတယ်။ သူတို့နိုင်ငံထုတ်ကုန်မှမရှိတာ အကုန်လုံးက သွင်းကုန်တွေပဲ။ ပစ္စည်းတွေက တော်တော်များများစုံပါတယ် ဈေးကြီးတာတစ်ခုပဲရှိတယ်။ မသုံးမဖြစ်သုံးရမယ့် ပစ္စည်းဆိုတော့လည်း ဈေးကြီးလည်းမတတ်နိုင်ဘူး ၀ယ်ရတာပါပဲ။နေရထိုင်ရ စားရေးသောက်ရေး အားလုံးအဆင်ပြေပါတယ်။ အဆင်မပြေတာဆိုလို့ အင်တာနက်တစ်ခုပဲရှိတယ်။ အင်တာနက်က ၀ါယာလက်ရှိပေမယ့် ကိုယ့်အခန်းနဲ့ Wireless Router နဲ့အလှမ်းဝေးတော့ အခန်းထဲရောက်ယုံဆိုရုံလေးပဲရှိသေးတယ် လိုင်းကပြုတ်ကျသွားပြီ ဘယ်လိုမှဖမ်းလို့မရတော့ဘူး။ အရမ်းအရမ်းကံကောင်းပြီး လိုင်းကောင်းခဲ့ရင်တော့ အခန်းထဲမှာ ဖမ်းမိတယ်။ မဟုတ်ရင်တော့ ရုံးခန်းမှတစ်ပါး တစ်ခြားသွားသုံးစရာနေရာမရှိဘူး။ ကံကောင်းတဲ့နေ့ကလည်း တစ်ပတ်မှာမှ ၁ရက်လောက်ရှိတယ်။ အင်တာနက်မရတဲ့ ညတွေ ညတွေ ဘာလုပ်လည်းဆိုတော့ စောစောအိပ်တာပေါ့ ဘာမှလုပ်မရတော့။ ပျင်းလို့သေတော့မယ်။ စာနည်းနည်းဖတ် ဟိုလုပ်ဒီလုပ်နဲ့ ဟိုတွေးဒီတွေး ဟိုလွမ်းဒီလွမ်း ဟိုစဉ်းစားဒီစဉ်းစား ညတိုင်းဒီလိုဖြတ်ရင်း ၁လပြည့်ခဲ့ပေါ့။ ဒီပုံစံနဲ့ နောက်ထပ်လာမယ့် ဒီလိုပျင်းရိရိညတွေ အတွက်ကြိုပျင်းရင်း ခုကတည်းက အိမ်ပြန်မယ့်နေ့ကို စတွက်နေပြီ :P

စကားမစပ်..... ( Gossip ) မတိုးတက်ဘူးတာပြောတာ လျှပ်စစ်မီးက ၂၄နာရီ၊ ရေက အချိန်ပြည့်။ SIM Card ဆို ပေါ နေရာတကာဝယ်လို့ရတယ်။ ပြီးတော့ အမေရိကန်သမ္မတအိုဘားမားရဲ့ ဇာတိမြို.က နေအိမ်ကို ကမ္ဘာလှည့်ခရီးသည်တွေ အရမ်းသွားတယ်ဆိုပဲ။ ဟောလီးဒေးကျရင်အလည်သွားဦးမယ်။

Read More...

ကြားဖြတ်သတင်း


သင်္ကြန်အားလပ်ရက်ပြီးလို့ ရုံးပြန်ဖွင့်တော့ လကုန်ရင် ကင်ညာကရုံးကိုပြောင်းရမယ်ဆိုတဲ့ အမိန့်ရုတ်တရက်ကြီးကျလာတယ်။ အချိန်က ဘယ်လောက်မှ မကျန်တော့လို့ လက်ထဲရှိတဲ့အလုပ်တွေကို လွဲရတယ်၊ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ရတယ် စုရတယ်၊ Note Book ကို သွားစစ်ဆေးတယ်၊သွားရမယ့် ကိစ္စတွေလိုက်လုပ်နေတာနဲ့ အန်ကောဝပ်ကို အလည်သွားတဲ့ခရီးကို ပြီးအောင်ရေးဖို့ ဘယ်လိုမှ အချိန်မရလို့ ဒီမှာပဲရပ်ထားပါဦးမယ်။ ကင်ညာရောက်ပြီး နေသားတကျဖြစ်တဲ့အထိ ပို့စ်များကို ဆက်ပြီးတင်နိုင်ဦးမှာမဟုတ်ဘူး။ ဘလော့ကိုလည်းပြစ်ထားတာကြာနေပြီ ဖုန်တောင်တက်နေသလားမသိ။ ဟိုရောက်လို့ အားလုံးနေရာတကျဖြစ်ရင် အရင်အတိုင်းပြန်ပြီး လည်ပတ်နိုင်အောင် ကြိုးစားရဦးမယ်။

သွားဖို့ရာ အားလုံးကဟုတ်နေပါပြီ။ စိတ်ထဲမှာ တစ်ခုက ဇဝေဇ၀ါဖြစ်နေတယ်။ ကင်ညာနိုင်ငံမှာ ဆိုက်ရောက်ဗီဇာယူရမယ့် ကိစ္စဖြစ်တယ်။ မန်နေဂျာက အာမခံထားတယ် ကင်ညာနိုင်ငံက မြန်မာနိုင်ငံပတ်စပို့စ် ကိုင်ဆောင်ထားတဲ့သူကို ဆိုက်ရောက်ဗီဇာပေးတယ်တဲ့။ မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာရတယ်ဆိုတာ အရင်က ထိုင်းနိုင်ငံကလွဲပြီး ဘယ်နိုင်ငံမှမရဘူးဆိုတာသိထားပါတယ်။ အခုတော့ရတော့ပါဘူး...။ ဒီနောက်ပိုင်းမှာ ထိုင်းပြည်ဝင်ခွင့်ဗီဇာကို အခမဲ့ထုတ်ပေးနေတယ်။ ဒီနောက်ဆုံးတစ်ခေါက်သွားတုန်းကတောင် ဗီဇာလုပ်ပေးတဲ့ အေဂျင့်ကို ဆားဗစ်ခပဲ ပေးလိုက်ရတယ်။ ကင်ညာက ဆိုက်ရောက်ပြည်ဝင်ခွင့်ဗီဇာပေးတယ်ဆိုတော့ တစ်မျိုးကြီးပဲ။ အင်း.......... အဲ့လောက် ဗဟုသုတမကြွယ်ဝတာလည်း ဖြစ်နိုင်ပါတယ်။ မရတဲ့အဆုံး လေယာဉ်တစ်ပတ်စီးပြီး ပြန်လာရတာပေါ့။း)

တစ်ဘက်ခါညကျသွားရတော့မယ် အခုထိ အ၀တ်အစားတွေ မပြင်ဆင်ရသေးဘူး။ ဒီညလည်း အလုပ်များလို့ အိမ်ပြန်ရောက်တာနောက်ကျတယ်။ ရေချိုး၊ ထမင်းစားပြီးတော့ ၁၁ နာရီထိုးနေပြီ။ ဒီနေ့မှ မရေးရင် နောက်ရက်ပိုင်းတွေ ဘယ်လိုမှ ရေးလို့မဖြစ်တော့လို့ ကမန်းကတန်းရေးပြီးတင်လိုက်ပါတယ်။

အားလုံးပဲ ကင်ညာရောက်တော့မှ ပြန်တွေ့ကြတာပေါ့။

နှင်းပွင့်ဖြူလေး


Read More...

Trip to AngkorWet - 1




နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသွားပြီးပါပြီ။ ကမ္ဘောဒီးယားနှစ်သစ်ကူး ရုံးပိတ်ရက်မှာ အန်ကောဝပ်ကို ဒုတိယအကြိမ်မြောက် အလည်သွားခဲ့ပါတယ်။ အစကတစ်ယောက်တည်းသွားဖို့ စီစဉ်ထားရာ သွားကာနီးမှ ကောက်ကာငင်ကာနဲ့ လိုက်ကြမယ်ဆိုတာနဲ့ သုံးယောက်ဖြစ်သွားတယ်။ ခရီးသွားအဖွဲ့နဲ့ပဲ သွားဖြစ်ပါတယ်။ ၁၃ ရက်နေ့မနက် ၅ နာရီခွဲအိမ်ကစထွက်ကြပါတယ်။ ခရီးသွားကုမ္ပဏီက အိမ်နဲ့နီးနီးဆိုတော့ ကိုယ့်အထုတ်ကိုဆွဲ လမ်းလျှောက်သွားကြတယ်။ ၆ နာရီ ၁၀မှာကားစထွက်တယ် နေ့လည် ၁၂လောက်တော့ အန်ကောဝပ်ကျောင်းတော်ကြီးတည်ရှိရာ Seim Reapမြို.ကိုရောက်ပါတယ်။ ရောက်ရောက်ချင်းပဲ နေ့လည်စာစားသောက်ပြီးတဲ့အခါမှာ တည်းခိုရာဟိုတယ်ကိုလိုက်ပို့ ခနနားပြီးတာနဲ့ နေ့ခင်းကြောင်တောင် ၂နာရီခွဲမှာ စတင်ပြီး Cambodia Cultural Village ကိုလိုက်လို့ပေးပါတယ်။

ပထမနေ့မှာ နေ့လည်စောင်းအချိန်တစ်ချိန်ရတာမို့လို့ ကမ္ဘောဒီးယားရဲ့ရိုးရားယဉ်ကျေးမှု.ကျေးရွာတစ်ခုကိုပဲ အလည်ရောက်ခဲ့ပါတယ်။ Tour အဖွဲ့နဲ့သွားတာမို့လို့ ဘာဝင်ကြေးမှပေးဖို့မလိုပါဘူး။ သူတို့နိုင်ငံသားတစ်ယောက်နဲ့ နိုင်ငံခြားသားတစ်ယောက်ရဲ့ ၀င်ကြေးဘယ်လောက်ပေးရသလဲ ဆိုတာတောင်ကြည့်ဖို့ သတိမရလိုက်မိဘူး။ အဲ့ကိုရောက်တော့ ရန်ကုန်သာကေတမှာရှိတဲ့ တိုင်းရင်းသားကျေးရွာကိုတောင် လှမ်းပြီးသတိရလိုက်မိသေးတယ်။ သာကေတကတိုင်းရင်းသားကျေးရွာကို တစ်ခေါက်ပဲရောက်ဘူးတယ်၊ ကြာလည်းကြာပီဆိုတော့ မမှတ်မိတော့ဘူး။ မျက်စိထဲမှာ ကချင်ပြည်နယ်က ရေခဲတောင်ကြီးပဲလား ရေးရေးလေးကျန်တော့တယ်။ :P

အထဲကိုဝင်ဝင်ချင်း ဘေးဘယ်ညာမှာရှိတဲ့ ပြတိုက်ထဲကို အရင်ဝင်ကြည့်ရပါတယ်။ ဘာကြီးရယ်တော့ ထွေထွေထူးထူးမရှိပါဘူး။ ညာဘက်က အဆောက်အအုံမှာ အရင်တုန်းက သုံးခဲ့တဲ့ ရိုးရာအမဲလိုက်လက်နက် ကိရိယာတွေ၊ ပန်းချီကားတွေ၊ ရှေးအသုံးအဆာင်ပစ္စည်းတွေ၊ လက်မှု.ပညာတွေ၊ အဲ့သလောက်ပါပဲ။ ဘယ်ဘက်ခြမ်းက အဆောက်အအုံမှာတော့ ရုပ်ပုံတူတွေကို အဓိက ရုပ်ထုထားတဲ့ပုံတွေကို အသားပေးထားပါတယ်။ ရှေးခေတ်တုန်းက ရှင်ဘုရှင်နဲ့ မိဖုရားရုပ်တုပုံ၊ ပညာရှိအမှတ်ပုံ၊ စစ်သူကြီးတွေ စစ်ချီတက်တိုက်ခိုက်နေတဲ့ပုံ၊ တောတောင်သဘာဝပုံ၊ အရင်ခေတ်ကမ္ဘောဒီးယား လူနေမှု. အဆင့်အတန်းနဲ့ ယနေ့ခေတ် ကမ္ဘောဒီးယား လူနေမှု.အဆင့်အတန်းကွာဟချက်များကို ဖော်ပြထားတဲ့ပုံတွေ အဓိကပြသထားပါတယ်။ အဲ့ကနေထွက်တဲ့အခါမှာ ရွာထဲကိုရောက်ပါတယ်။

ရွာထဲကို ၀င်မယ့် လမ်းဝမှာပဲ သူတို့ရဲ့ ပိုက်ဆံရှာနည်းတစ်မျိုးကိုတွေ့ခဲ့ရပါတယ်။ ရွာထဲကိုဝင်ဖို့ အဲတစ်လမ်းပဲရှိတဲ့အတွက် ၀င်လာတဲ့လူတိုင်းကို ဓါတ်ပုံလိုက်ရိုက်ပါတယ်။ တစ်ချို.ကြတော့လည်း ကြည်ဖြူပေမယ့် တစ်ချို.ကမကြည်ဖြူပါဘူး။ စောနားက ဓါတ်ပုံရိုက်ထားတဲ့သူကို သူတို့က ချက်ခြင်းပဲ ကွန်ပြူတာအက်ဒီးဒင်း လုပ်ပြီး စတပ်ကာဖြင့်ပရင့်ထုတ်ကာ အန်ကောဝပ်နောက်ခံပါသော ဓါတ်ပုံစတန်း၊ ပန်ကန်ပြား တွေအလည်မှာ စောနားက ပရင့်ထုတ်ထားတဲ့ပုံကို ကပ်ပြီး တစ်ခုကို 5US$ to 8US$ ထိရောင်းပါတယ်။ ၀ယ်တဲ့သူရှိသလို မ၀ယ်တဲ့သူတွေလည်းရှိပါတယ်။ တစ်ခုကို ၅ ကျပ်တောင်ပေးရတာဆိုတော့ ကျွန်မကအထင်မတန်ဘူး။ ပြန်အထွက်မှာ ကိုယ့်ပုံများ ပါမလားလို့တောင် ၀င်ရှာမိသေးတယ်။ အဟတ်

အဲ့ကနေရှေ.ဆက်သွားတဲ့အခါမှာ ဟိုအရင်တုန်းကနေထိုင်ခဲ့သောအိမ်တွေ၊ တဲတွေ၊ ရွာတွေ ဟိုနေရာ ဒီနေရာ တစ်စုတစ်စု ဆောက်လုပ်ထားပါတယ်။ အဆောက်အအုံတိုင်းမှာ သူ့အချိန်နဲ့သူ ပြဇာတ်တွေရှိတယ်။ သူတို့အိမ်ပုံစံတွေကြည့်ခြင်းအားဖြင့် ဟိုးအရင်ကတည်းက ခြေသံရှည်အိမ်များအများဆုံး ဆောက်လုပ်နေထိုင်တာတွေ့ရတယ်။ ပထမဆုံးအိမ်မှာ ကြည့်ရတဲ့ ပြဇာတ်ကတော့ လူပျိုသတို့သားနဲ့ အပျိုသတို့သမီးကို လက်ထပ်မင်္ဂလာလုပ်ပေးတဲ့ ပြဇာတ်ပါ။ လူတိုးမနိုင်လို့ ပုံ ၁ပုံ ၂ပုံရိုက်ပြီး လူအုပ်ထဲကရှောင်ခဲ့ပါတယ်။ အချိန်အကန့်အသတ်ကြောင့် ပြဇာတ်တွေကို အချိန်ပေးပြီးမကြည့်နိုင်ပါဘူး။ ရှု.ခင်းတွေကိုပုံလိုက်ရိုက် ဘာအထူးအဆန်းများရှိသလဲလိုက်ကြည့်၊ ရွာထဲမှာလျှောက်ပတ်နေလိုက်တယ်။ ကိုယ့်အဖွဲ့တွေက ဘယ်ရောက်သွားမှန်းတောင်မသိတော့ဘူး။

ပြီးတော့ သရဲအိမ်လည်းရှိသေးတယ်။ ကြောက်တတ်လို့ မ၀င်ဘူးလို့ ဆုံးဖြတ်ထားပါတယ်ဆို ကျန်တဲ့၂ယောက်ဝင်လို့ အတင်းခေါ်တာကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ဝင်သွားတယ်။ အတုမှန်းသိပေမယ့် စိတ်ကဘယ်လိုမှကိုမရဘူး။ လိုဏ်ဂူကလည်းမှောင်မဲနေတာပဲ၊ ပြီးတော့အသံတွေကို နံရံအနှံမှာမြုပ်ထားပြီး အသံတွေက နေရာအစုံကနေထွက်နေတာ ၀င်ကတည်းက ထွက်တဲ့အထိစိတ်ကိုမအေးရဘူး၊ ဘယ်အချိန်မှာ ဘာအကောင်ကြီးဘယ်ကထလာမလဲကြောက်နေရတာ။ တော်သေးတယ် သိပ်ကြောက်လို့လား၊ သရဲထက်ဆိုးလို့လားမသိဘူး ထွက်လာတဲ့အထိတစ်ကောင်မှ မခြောက်ဘူး၊ နောက်ကအဖွဲ့တွေကတော့ တစ်အီးအီး တစ်အားအားနဲ့ လန့်ပီးအော်တဲ့အသံတွေ ညံနေတာပဲ။ အပြင်ရောက်တော့မှပဲ ဟူး……. နိုင်တော့တယ်။

သရဲအိမ်ကထွက်လာတော နှူံးနေပြီ ရှေ.ဆက်မသွားနိုင်တော့ပဲ အနီးဆုံးမှာရှိတဲ့ ပြဇာတ်ကိုဝင်ပြီးကြည့်တယ်။ နောက်မှရောက်သွားတော့ ဘာမှန်းတောင်မသိလိုက်ဘူး။ ဒေါင်းစုံတွဲအကကနေတယ်၊ ဘာဇာတ်လမ်းလည်းတောင်မသလိုက်သေးဘူး ပြီးသွားပြီတဲ့။ ရှေ.ဆက်သွားစရာလည်းမရှိတော့လို့ လူအုပ်ကြီးနဲ့လိုက်ပြီး ပြဇာတ်တွေလိုက်ကြည့်တယ်။ ပြဇာတ်က တစ်နေရာပြီးရင် နောက်တစ်နေရာကတန်းပြီးစတဲ့အတွက် ဒီမှာကြည့်တဲ့ ပရိသတ်က နောက်တစ်ပွဲပြမယ့် ပြဇာတ်ရှိရာကို လူအုပ်ကြီးလိုက်ချီတက်ကြပါတယ်။ ပြဇာတ်သုံးပွဲကို အစကနေအဆုံးကြည့်လိုက်ရတယ်။ တစ်ခုက မိန်းကလေးက ဘယ်လိုအိမ်ထောင်ဖက်ရွေးတဲ့၊ နောက်တစ်ခုက ဘုရင်က အိမ်ရှေ.မင်းသားရွေးတဲ့ဇာတ်၊ နောက်တစ်ခုက ကမ္ဘောဒီးယားမှာနေထိုင်တဲ့ လူရိုင်းမျိုးစုတစ်စုက အုပ်ချုပ်သူဘုရင်ရွေးတဲ့ဇာတ်၊ ထူးခြားချက်က သူတို့ရွေးတဲ့သူတွေက ပြဇာတ်ကိုလာကြည့်တဲ့ ပွဲကြည့်ပိရိသတ်ထဲကနေပြီး ရွေးချယ်တာ။

ကြည့်မိတဲ့ထဲက သဘောကျမိတဲ့ပြဇာတ်က မိန်းကလေးအိမ်ထောင်ဘက်အဖြစ် ရွေးတဲ့ဇာတ်ပါ။ တော်တော်လည်းရယ်ရတယ်။ နောက်ကြုံရင် ဇာတ်လမ်းအကျဉ်းချုပ်ကိုရေးဦးမယ်။ ခုတော့ စာတွေရှည်နေမှာဆိုးလို့။

ပြဇာတ်တွေကြည့်ပီး မိုးလည်းစုန်းစုန်းချုပ်သွားပြီး ပြန်ရတော့မယ်။ ၆ နာရီ မိနစ်၄၀မှာ တံခါးဝမှာလူတွေစုံကြမယ်လို့ ဂိုက်ကြီးကမှာထားတဲ့အတွက် အချိန်မှီအောင် ခပ်သုတ်သုတ်ပြန်ကြတယ်။ နောက်ကြနေပါပီဆို ကျန်းမာရေးကိစ္စကြောင့် WC မှာတန်းစီလိုက်ရသေးတယ်။ ကားဆီကိုရောက်တော့ ထင်တဲ့အတိုင်းပဲ ကျွန်မတို့ ၃ ယောက်ကိုပဲစောင့်နေကြတယ်။ ကမ္ဘောဒီးယားယဉ်ကျေးမှု.ကျေးရွာကထွက်လာပြီး ညစာသွားစားကြပါတယ်။ ညစာစားပြီးတော့ မနက်ဖြန်အတွက်အစီအစဉ်ကို ဂိုက်ကြီးကဘယ်သွားမယ် ဘယ်အချိန်ထမယ် လိုအပ်တာတွေမှာပြီး ၇နာရီခွဲလောက်မှာ ဟိုတယ်ကိုပြန်ရောက်ပါတယ်။ မနက်ဖြန်(14April)မနက် ၇နာရီခွဲမှာကားစထွက်မှာမို့ ပင်ပင်ပန်းပန်းနဲ့ ရေချိုးပြီး အိပ်ယာစောစောဝင်ကြပါတယ်။

ပုံက နည်းနည်းများတဲ့အတွက် တစ်ပုံခြင်းမတင်နိုင်တော့ပဲ slideshow လုပ်လိုက်ပါတယ်။ ပုံရွေးတာလောသွားလို့ လှတဲ့ပုံတွေမေ့ကျန်ခဲ့တယ်။ အချိန်လည်း သိပ်မရတော့တာမို့ ထပ်မထည့်တော့ပါဘူး။

လူသားအားလုံး နှစ်သစ်မှာပျော်ရွှင်ကြပါစေ။



Read More...

 
My Blog .... My Place - by Templates para novo blogger